CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Battle of Fates (2026)

Series

အပိုင်းသစ် (1 မှ 10) စ/ဆုံး Disney+ကနေပြီး ထွက်ရှိလာတဲ့ ပရလောကတွေနဲ့ နတ်ဝင်သည်တွေအကြောင်း စိတ်ဝင်စားသူတို့အတွက် အမိုက်စားရှိုးလေးကို တင်ဆက်ပေးချင်ပါတယ်။ ကံကြမ္မာဖတ်သူဆိုပြီး နတ်ဝင်သည်တွေ နဲ့ ဇာတာဖတ်သူတွေ စုစုပေါင်း၄၉ယောက် ပါဝင်ကြမှာ ဖြစ်ပြီးတော့ မစ်ရှင်တွေ တစ်ခုပြီးတစ်ခု လုပ်ဆောင်ရင်း ပညာတွေပြိုင်ကြပုံကို စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ စိတ်ဝိညာဉ်အားကောင်းလွန်းလှတဲ့ နတ်ဝင်သည်တွေရဲ့ ဖတ်ကြားချက်တွေကြောင့် အံ့ဩထိတ်လန့်ရသလို ကံဇာတာကို သီအိုရီကျကျ တွက်ချက်ရင်း ကံကြမ္မာဖတ်တဲ့ ဇာတာဖတ်သူတွေရဲ့ အရည်အချင်းကလည်း ချီးကျူးချင်စရာကောင်းနေပြန်ပါသေးတယ်။ ရှေ့ဖြစ်ဟောတွေ နတ်ဝင်သည်နဲ့ မမြင်နိုင်တဲ့လောကကြီး အကြောင်း စုံစုံလင်လင် သိရှိနိုင်မှာဖြစ်ပြီး ပုံမှန်ရှိုးတွေနဲ့ မတူညီတဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းနိုင်မှာသေချာပါတယ်။ ထူးခြားဆန်းပြားတာတွေမှ ကြည့်ချင်ကြတဲ့လူတွေအတွက် အချိန်ပေးပြီးကြည့်ရတာ တန်တဲ့ survival showလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ချင်ပါတယ်။ Aired: Feb 11, 2026 - ? Aired On: Wednesday Genres: Horror, Supernatural, Mystery, Reality Show Episodes: 10 Original Network: Disney+

အပိုင်း ရွေးပါ