CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The Gray House (2026)

Series

Season 01 (စ/ဆုံး) မကြာသေးခင်ကမှ Amazon Prime မှာ ထွက်ထားတဲ့ ၈ ပိုင်းပါ Miniseries အသစ်စက်စက်လေးပါ။ ထုတ်လုပ်သူတွေကတော့ နာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့ Kevin Costner နဲ့ Morgan Freeman တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက အမေရိကန် ပြည်တွင်းစစ် (American Civil War) ကာလကို အခြေခံထားတာပါ။ အဓိကကတော့ တောင်ပိုင်းတပ်တွေရဲ့ မြို့တော်ဖြစ်တဲ့ ရစ်ချ်မွန် (Richmond) မှာ လှုပ်ရှားနေတဲ့ အမျိုးသမီး သူလျှိုအဖွဲ့အကြောင်းကို ရိုက်ပြထားတာပါ။ အဲဒီအဖွဲ့ကို ဦးဆောင်တာကတော့ အထက်တန်းလွှာ သူဌေးမကြီး အယ်လီဇဘက် ဗန်လူး (Elizabeth Van Lew) နဲ့ သူ့အမေ အလိုင်ဇာ (Eliza) တို့ပေါ့။ သူတို့က တောင်ပိုင်းမှာနေပေမယ့် ကျွန်စနစ်ကို လုံးဝဆန့်ကျင်ပြီး မြောက်ပိုင်းတပ်ကို ထောက်ခံတဲ့သူတွေပါ။ သူတို့က ကျွန်ဟောင်းဖြစ်ပြီး မှတ်ဉာဏ်အရမ်းကောင်းတဲ့ မေရီဂျိန်း (Mary Jane Richards) ဆိုတဲ့ အမျိုးသမီးကို တောင်ပိုင်းသမ္မတ ဂျက်ဖာဆန် ဒေးဗစ် (Jefferson Davis) ရဲ့ အိမ်တော်ထဲမှာ အစေခံအဖြစ် ဟန်ဆောင်ဝင်ရောက်ခိုင်းပြီး လျှို့ဝှက်သတင်းတွေကို ခိုးယူကြပါတယ်။ အဲဒီခိုးယူရရှိတဲ့ သတင်းတွေကို မြောက်ပိုင်းတပ်တွေဆီကို ပို့ပေးပြီး စစ်ပွဲအနိုင်ရအောင် အသက်နဲ့ရင်းပြီး ဘယ်လိုစွန့်စားကူညီခဲ့ကြလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် စပိုင် (Spy) ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါ။ ဒီစီးရီးက တကယ့်သမိုင်းဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ နောက်ခံသမိုင်းကို နည်းနည်း ရှင်းပြရရင် - အမေရိကန် ပြည်တွင်းစစ် (၁၈၆၁ - ၁၈၆၅) - အမေရိကန်မှာ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ အေဗရာဟမ် လင်ကွန်းရဲ့ မြောက်ပိုင်းတပ် (Union) နဲ့ ကျွန်စနစ်ကို ဆက်ကျင့်သုံးချင်လို့ ခွဲထွက်သွားတဲ့ တောင်ပိုင်းပြည်နယ်တွေ (Confederacy) အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးပါ။ ခေါင်းစဉ်ဖြစ်တဲ့ "The Gray House" ဆိုတာက တောင်ပိုင်းအစိုးရရဲ့ သမ္မတအိမ်တော် (White House of the Confederacy) ကို တင်စားခေါ်ဝေါ်ထားတာပါ။ အယ်လီဇဘက် ဗန်လူး ဆိုတာ တကယ်ရှိခဲ့တဲ့ သမိုင်းဝင် သူလျှိုခေါင်းဆောင်ပါ။ သူပေးတဲ့ သတင်းတွေ၊ သူတို့ရဲ့ စပိုင်ကွန်ရက်ကြောင့် မြောက်ပိုင်းတပ်တွေ အများကြီး အသာစီးရခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ယူလစ်ဆီးစ် ဂရန့် (Ulysses S. Grant) ကိုယ်တိုင်က အသိအမှတ်ပြုခဲ့ရပါတယ်။ မေရီဂျိန်း ကလည်း တကယ့်ကို သမ္မတအိမ်တော်ထဲ ဝင်ပြီး သတင်းနှိုက်ခဲ့တဲ့ သူရဲကောင်း အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။စစ်ပွဲကာလက ကျွန်စနစ်ရဲ့ ဆိုးရွားပုံတွေ၊ အသက်လုပြီး သူလျှိုလုပ်ရတဲ့ အခြေအနေတွေကို သဘာဝကျကျ အသက်ဝင်အောင် ရိုက်ပြထားလို့ သမိုင်းနောက်ခံ ဇာတ်လမ်းတွေ၊ စပိုင်ဇာတ်လမ်းတွေ ကြိုက်တတ်ရင် သဘောကျမယ့် ကားမျိုးပါပဲ။

အပိုင်း ရွေးပါ