Series
စ-ဆုံး
အလုပ်ကို လိုတာထက်ပိုပြီး ကြိုးစားလုပ်တတ်တဲ့ စုံထောက်တစ်ယောက်ဖြစ်သူ ဆောဒိုဝမ်က အသုံးမပြုတော့တဲ့ ရထားဘူတာရုံဟောင်းတစ်ခုမှာ မြှုပ်ထားတဲ့ အလောင်းလေးလောင်းကို တရားခံလိုက်ဖမ်းရင်း မမျှော်လင့်ဘဲ တွေ့ရှိသွားခဲ့ပါတယ်။ ဒီအလောင်းတွေအကြောင်းကို စုံစမ်းစစ်ဆေးရင်းနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖြစ်ပွားခဲ့တဲ့ ဟန်ဆိုဂျောင်းရဲ့ အဖေ သေဆုံးမှုနဲ့ အများကြီး တိုက်ဆိုင်နေတာကို သိရှိလာခဲ့ပါတယ်။
စုံထောက်ဆောဒိုဝမ်ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က လူသတ်မှုမှာ သူ့အဖေကသာ တရားခံဖြစ်မယ်လို့ ယုံကြည်ထားသူပါ။ ဒါပေမဲ့ အမှုမှန်ကို လိုက်ရင်းနဲ့ပဲ အပြိုင်စကြဝဠာတစ်ခု ရှိနေကြောင်းကို မတော်တဆ သိရှိသွားခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း တကယ့်လူသတ်သမားအစစ်က သူ့ရဲ့ ညီမလေးလိုရော ချစ်သူလိုပါ ချစ်မြတ်နိုးရတဲ့ ဟန်ဆိုဂျောင်းကို သတ်ဖြတ်သွားခဲ့ပါတယ်။ ဒါကြောင့် ဆောဒိုဝမ်တစ်ယောက် စကြဝဠာနှစ်ခုကြားမှာ ကူးလူးရင်း အပြိုင်စကြဝဠာထဲမှာ ရှိနေတဲ့ လူသတ်သမားကို ဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားသွားမလဲဆိုတာ ရင်ခုန်စရာ ကောင်းလှပါတယ်။