CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The Last of Us (2023)

Series

ဂိမ်းလောကမှာ နာမည်အကြီးဆုံးနဲ့ ဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကို ဇာတ်လမ်းတွဲအနေနဲ့ တင်ဆက်လာတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေဟာ အသားစားတဲ့ ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားခဲ့ချိန်ကနေ နှစ် ၂၀ အကြာကို အခြေပြုထားတာပါ။ ဒီအချိန်မှာတော့ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေသတ်မှတ်ထားပြီး FEDRA အဖွဲ့က စစ်အာဏာရှင်စနစ်နဲ့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေပါတယ်။ ဇုံတွေထဲကနေ ခိုးထွက်တာ ဒါမှမဟုတ် ခိုးဝင်တာမျိုးလုပ်ရင် ကြိုးပေးသတ်တဲ့အထိ စည်းကမ်းတွေက ပြင်းထန်လှပါတယ်။ ဒီလိုအုပ်ချုပ်သူတွေကို ပိုးစုန်းကြူးလို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း တိုက်ခိုက်နေကြတာပါ။ ဇာတ်ဆောင်ဖြစ်တဲ့ ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲက မှောင်ခိုသမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ ပျောက်ဆုံးနေတဲ့ညီဖြစ်သူကိုရှာဖို့ ဇုံထဲကနေ ခိုးထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိုးစုန်းကြူး တော်လှန်ရေးအဖွဲ့ကလည်း အယ်လီလို့ခေါ်တဲ့ ကလေးမလေးကို အလွန်အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကြောင့် ဇုံအပြင်ဘက်ကို ကယ်ထုတ်ဖို့ ကြိုးစားနေတာနဲ့ ကြုံကြိုက်သွားခဲ့ပါတယ်။ ဂျိုအယ်တစ်ယောက် အယ်လီနဲ့အတူ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာပဲ ဖြစ်ပါတယ်။

အပိုင်း ရွေးပါ