CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Flex X Cop (2024-26)

Series

အခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ လူချမ်းသာသူဌေးသားတစ်ယောက်နဲ့ အလုပ်အပေါ် စိတ်နှစ်မြှုပ်ထားတဲ့ စုံထောက်မလေးတို့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အမိုက်စား အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့ လူချမ်းသာသူဌေးမိသားစုကနေ ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းနေပြီး မိသားစုနောက်ခံအရှိန်အဝါနဲ့ စုံထောက်ဖြစ်လာတဲ့ သူဌေးသားလေး ဂျင်အီဆူနဲ့ အလုပ်ကို အရမ်းချစ်မြတ်နိုးပြီး တရားခံဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်းတို့အကြောင်းကို တွေ့မြင်ရမှာပါ။ ဂျင်အီဆူက သူဌေးသားပီပီ အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အဆက်အသွယ်တွေကိုသုံးပြီး လူဆိုးတွေကို ဖမ်းလေ့ရှိပါတယ်။ အဲဒီလိုမျိုး သူဌေးသားက စုံထောက်လာလုပ်နေတာဟာ အလုပ်ထဲမှာပဲ ဘဝကို ပုံအောထားတဲ့ စုံထောက်မလေး အီဂန်ဟျွန်းအတွက်တော့ မျက်စိဆံပင်မွှေးဆူးစရာ ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့မှာ အတူတူ အလုပ်လုပ်ကိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုမျိုး အမှုတွေကို ဖြေရှင်းပြီး တရားခံတွေကို ဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အလုပ်အတူတွဲလုပ်ရင်း အီဆူ့အပေါ်ထားတဲ့ ဂန်ဟျွန်းရဲ့ စိတ်သဘောထားတွေပါ ပြောင်းလဲသွားမလားဆိုတာကိုတော့ အက်ရှင်၊ ဟာသနဲ့ အချစ်ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အပိုင်း ရွေးပါ