CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Human Vapor (2026)

Series

အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး စီးရီးဟာ အပိုင်း (၈) ပိုင်းလုံး တစ်ခါတည်း ထွက်ရှိထားတာဖြစ်ပါတယ်... တစ်ပိုင်းချင်းစီ ဘာသာပြန်ပြီး ဆက်တိုက် တင်ဆက်ပေးသွားပါမယ်.... Netflix ကနေ ဇူလိုင်လ ၂ ရက်နေ့ကမှ အသစ်စက်စက် ထွက်ရှိလာတဲ့ ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဖန်တီးထားတဲ့ Sci-fi သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလေး လာပါပြီ။ ၁၉၆၀ ခုနှစ်က ထွက်ခဲ့တဲ့ Toho ရဲ့ နာမည်ကြီး ဂန္ထဝင်ရုပ်ရှင်ကို အခြေခံပြီး ခေတ်သစ်ပုံစံနဲ့ ပြန်လည်အသက်သွင်းထားတာပါ။ Train to Busan နဲ့ Hellbound တို့ကို ဖန်တီးခဲ့တဲ့ နာမည်ကြီး ကိုရီးယား ဒါရိုက်တာ Yeon Sang-ho က ဇာတ်ညွှန်းရေးသားပြီး၊ ဂျပန်ရဲ့ နာမည်ကြီး Gannibal ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ Shinzo Katayama က ဒါရိုက်တာအဖြစ် တာဝန်ယူထားလို့ ထွက်မလာခင်ကတည်းက လူစိတ်ဝင်စားများနေခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တီဗီအစီအစဉ်တစ်ခုမှာ လူတစ်ယောက်က ရုတ်တရက် ဖောင်းကားလာပြီး ပေါက်ကွဲသေဆုံးသွားတဲ့ တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ ထူးဆန်းတဲ့ လူသတ်မှုရဲ့ နောက်ကွယ်က တရားခံကတော့ သူ့ကိုယ်သူ "Human Vapor" (အငွေ့ပျံလူသား) လို့ နာမည်ပေးထားတဲ့ လူတစ်ယောက်ပါ။ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပြီး ဘယ်လိုလုံခြုံရေး အတားအဆီးကိုမဆို အလွယ်တကူ ကျော်ဖြတ်နိုင်ပါတယ်။ သူက ဘယ်သူ့ကို သတ်မယ်ဆိုတာ ကြိုတင်ကြေညာပြီးမှ လူသတ်လေ့ရှိတဲ့အတွက် တစ်နိုင်ငံလုံးကို အကြောက်တရားနဲ့ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ အမှုကို လိုက်လံစုံစမ်းဖို့ ရဲအရာရှိ ကန်ဂျီ (Shun Oguri) နဲ့ သတင်းထောက် ကယိုကို (Yu Aoi) တို့က ကြိုးစားကြပါတော့တယ်။ သူတို့နှစ်ယောက်က အရင်က ချစ်သူဟောင်းတွေ ဖြစ်ခဲ့ဖူးပြီး အမှုကြောင့် ပြန်ဆုံတွေ့ကြတာပါ။ တချိန်တည်းမှာပဲ ရဲတွေ၊ မီဒီယာတွေ၊ နာမည်ကြီး Streamer တွေ (Suzu Hirose နဲ့ Kento Hayashi) နဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ကိုယ်ကျိုးရှာမှုတွေ၊ အားပြိုင်မှုတွေကလည်း ဇာတ်လမ်းကို ပိုပြီး ရှုပ်ထွေးသွားစေပါတယ်။ ဓာတ်ငွေ့လူသားက ဘယ်သူလဲ? ဒီအစွမ်းတွေကို ဘယ်လိုရလာတာလဲ? သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ? ဆိုတာတွေကို အဖြေရှာရင်း စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီကားမှာ ဂျပန်ရဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးပါဝင်ထားပြီး လူသတ်သမား "Human Vapor" အဖြစ် သရုပ်ဆောင်သစ် Uta က ပွဲဦးထွက်အနေနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြသွားပါတယ်။ အထူးပြုလုပ်ချက် (VFX) တွေကိုလည်း Godzilla Minus One မှာ အော်စကာဆုရခဲ့တဲ့ Shirogumi အဖွဲ့က ဖန်တီးပေးထားတာမို့ မြင်ကွင်းတွေက အရမ်းကို အသက်ဝင်ပါတယ်။ Crime Thriller နဲ့ Sci-fi ကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တတ်တဲ့သူတွေ၊ အက်ရှင်နဲ့ စုံထောက်ကားတွေကို သဘောကျတဲ့ သူတွေအတွက် အပိုင်း ၈ ပိုင်းပါဝင်တဲ့ ဇာတ်လမ်းတွဲ လက်လွတ်မခံသင့်ပါဘူး။ Size – 715MB / 406MB Quality –WEB-DL 1080p HEVC / 720p Episodes - 8 Eps Duration - 52m Subtitle – Myanmar Hardsub

အပိုင်း ရွေးပါ