CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The Legend of Kitchen Soldier (2026)

Series

အပိုင်း 1 မှ 12 စ/ဆုံး The King's Warden ရုပ်ရှင်နဲ့ အားလုံးကို မျက်ရည်ဖြိုင်ဖြိုင်မိုးစေခဲ့တဲ့ ဒန်ဂျုံးဘုရင်လေး Park Ji-Hoon ကတော့ အခုတစ်ခေါက်မှာ စစ်သားကာရိုက်တာလေးနဲ့အတူ Comeback လာပြီ ဖြစ်ပါတယ်။ နာမည်ကြီး Web Novel ကို အခြေခံရိုက်ကူးထားပြီး My Daughter is a Zombie ထဲက မင်းသားကြီး Yoon Kyung-Ho , Gyeongseong Creature Season 2 ထဲက မင်းသမီး Han Dong-Hee , Dr. Romantic 3 ထဲက မင်းသား Lee Hong-Nae တို့အပြင် Bloodhounds ထဲက မင်းသား Lee Sang-Yi ကလည်း အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - စစ်သင်တန်းကျောင်းမှာ အတော်ဆုံး သင်တန်းသား ဖြစ်ခဲ့ပေမဲ့ တပ်ထဲမှာတော့ အထူးစောင့်ကြည့်ခံတပ်သားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂန်ဆောင်းဂျယ်(Park Ji-Hoon) ဟာ ဂန်လင်း တပ်စခန်းဆီ ပြောင်းရွှေ့ချထားခံရပြီးနောက်မှာ စားဖိုမှူးတပ်သားအဖြစ် တာဝန်ပေးအပ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ သူ့မျက်စိရှေ့မှာ ဂိမ်းကာရိုက်တာလိုလို အချက်အပြုတ်ဇယားတွေကို ထူးဆန်းစွာ စမြင်လာရပြီး အဆိုပါ အချက်အပြုတ်ဇယားတွေရဲ့ လမ်းညွှန်ချက်အတိုင်း မစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း ဆောင်းဂျယ်ရဲ့ ဟင်းချက်လက်ရာကလည်း တစ်ဆင့်ထက်တစ်ဆင့် Level ပိုမြင့်လာတဲ့အခါမှာတော့... ဆောင်းဂျယ်တစ်ယောက် သေနတ်အစား ယောက်ချိုကို ကိုင်စွဲပြီး ရိုးအီနေတဲ့ တပ်ထမင်းဟင်း မီနူးတွေကို ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအဖြစ် ဘယ်လိုမျိုး လက်စွမ်းပြ ပြောင်းလဲပေးသွားမလဲဆိုတာကို အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်အားပေးကြစို့နော်။ Episodes: 12 Aired: May 11, 2026 - Jun 16, 2026 Aired On: Monday, Tuesday Original Network: TVING, tvN Duration: 55 min Genres: Food, Military, Comedy, Fantasy Subtitle: Myanmar Subtitle (Hardsub)

အပိုင်း ရွေးပါ