Series
Liar Game ဆိုတာတော့ Manga မှာလည်း အောင်မြင်ပြီးသား၊ နောက်ပြီး Live Action ကို ဂျပန်ရော (၂၀၀၇) ကိုရီးယားကရော (၂၀၁၄) လိုက်ထုတ်တာလည်း အောင်မြင်ခဲ့ကြတာပဲ။ အခုတော့ ဒီဇာတ်လမ်းလေးက Anime အလှည့်အဖြစ် ထပ်မံ စင်မြင့်ပေါ်ရောက်လာခဲ့ပါပြီ။ Manga ရဲ့ Darkness ကို အပြည့်အဝ ဖော်ထုတ်ပေးမယ်လို့ ဆိုပါတယ် ဘာလို့လဲဆိုတော့ ရှေ့က LA တွေက ဇာတ်လမ်းကို အနည်းငယ် ပြောင်းလဲထားတာမျိုး ရှိပေမဲ့ ဒီကောင်ကတော့ လုံးဝ သဝေမတိမ်း Adapt လုပ်ပါမယ်တဲ့။ ပြီးတော့ ထုတ်ပေးထားတဲ့ Mad House စတူဒီယိုဆိုတာလည်း One Punch Man S1 တို့ Death Note တို့ Hunter x Hunter တို့ကို မွေးထုတ်ပေးထားတာဆိုတော့ ကွာလတီကို စိတ်ပူစရာတော့ ရှိမနေဘူး။ ဒီတော့ မသိသေးတဲ့လူတွေ ပြောရမယ်ဆိုတာ Liar Game ဆိုတာ Squid Game တို့ Alice in Borderland တို့လိုဆိုပေမဲ့ အဲဒီကောင်တွေလောက် Physically မကြမ်းပဲ Psychology တွေ Mind Game တွေနဲ့ နည်းဗျူဟာကျကျ ဦးနှောက်ကို အသုံးချရမယ့်ပြိုင်ပွဲကြီးတစ်ခုပေါ့။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်မိန်းကလေး Nao Kanzaki ဆိုတာက အင်မတန် ရိုးသား အင်မတန် အယုံလွယ်တဲ့သူမျိုးပေါ့။ အဲဒါကို သူ့ဆီ ပါဆယ်တစ်ခုရောက်လာလို့ ဖောက်ကြည့်ရာကနေ ငွေ သန်း ၁၀၀ နဲ့ Liar Game ဖိတ်စာ ဖြစ်နေရော။ ဒီ Liar Game ဆိုတာက ဒီ ငွေ သန်း ၁၀၀ နဲ့ တခြားလူတွေကို လိမ်လည်လှည့်ဖြားပြီး ကတုံးပေါ်ထိပ်ကွက်ရမယ့် အထာတွေပေါ့ ရှုံးသွားပြီဆိုရင်လည်း ဒီတစ်သက်မပြောနဲ့ ဘဝဆက်တိုင်း အကြွေးလည်ပင်းနှစ်မယ့်ပုံ။ ဒီတော့ ကူရာမဲ့နေတဲ့ Nao တစ်ယောက် ထောင်ကထွက်လာခါစ လူလိမ်ရာဇဝတ်သားဟောင်း Shinichi Akiyama နဲ့ ဆုံတွေ့ပြီး အကူအညီတောင်းတဲ့အခါမှာတော့ ဒီနှစ်ယောက်သား Liar Game ထဲမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ ကြောက်ရွံ့စရာ လူသဘာဝတွေနဲ့အတူ နည်းဗျူဟာတွေ သီအိုရီတွေအစုံပလုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဉာဏ်ကစားရတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် Plot Twist တွေကလည်း မိုက်နေဦးမှာ အသေအချာပါပဲ...။