CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Prisoner (2026)

Series

အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ၂၀၂၆ ခုနှစ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး Sky Original စီးရီးတစ်ခုဖြစ်တဲ့ Prisoner က ရိုးရိုးထောင်ကားတွေလို ထောင်ထဲမှာပဲ တဗျင်းဗျင်းသတ်နေတာမျိုး မဟုတ်ဘဲ Action-Thriller စတိုင် မြန်မြန်ဆန်ဆန်နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့် ကားမျိုးပါ။ ဇာတ်လမ်းက Amber Todd ဆိုတဲ့ ထောင်ပြောင်းရွှေ့ရေးအရာရှိ (Prison Transport Officer) ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူက သမာသမတ်ရှိပြီး အလုပ်ကို ကြိုးစားတဲ့သူပေါ့။ တစ်နေ့မှာ သူက Tibor Stone ဆိုတဲ့ နာမည်ကြီး လူသတ်သမားတစ်ယောက်ကို တရားရုံးမှာ သက်သေထွက်ဆိုဖို့အတွက် ခေါ်သွားရတဲ့ တာဝန်ပေးအပ်ခံရပါတယ်။ လမ်းမှာတင် နာမည်ကြီးရာဇဝတ်ဂိုဏ်းက သက်သေကို ဖျောက်ပစ်ဖို့အတွက် သူတို့အဖွဲ့ကို အသေအလဲ ပစ်ခတ်တိုက်ခိုက်ကြပါတယ်။ အဲဒီမှာ လူတွေအကုန်သေကုန်ပြီး Amber နဲ့ ရာဇဝတ်ကောင် Tibor ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ Amber က Tibor ထွက်မပြေးနိုင်အောင် သူ့လက်နဲ့ Tibor လက်ကို လက်ထိတ်တွဲခတ်လိုက်ပြီး၊ ရန်သူတွေကြားကနေ တရားရုံးရောက်အောင် နှစ်ယောက်သား အတူတူထွက်ပြေးကြရတဲ့ ဇာတ်လမ်းပါ။ ကိုယ်ကျင့်တရားအရမ်းကောင်းတဲ့ Amber နဲ့ "လူသတ်သမား" Tibor တို့ လက်ထိတ်ခတ်ပြီး အတူတူ ပြေးနေရတာဆိုတော့ သူတို့ကြားက ပဋိပက္ခတွေ၊ အပြန်အလှန် ယုံကြည်ရမလို မယုံကြည်ရမလို ဖြစ်နေတဲ့ အပိုင်းတွေက တကယ်ကြည့်ကောင်းပါတယ်။ ရန်သူတွေကလည်း လိုက်နေတယ်။ တရားရုံးကိုလည်း အချိန်မီရောက်ရမယ်ဆိုတော့ ဇာတ်ရှိန်က တောက်လျှောက်တက်နေမှာပါ။ The Serpent ထဲက မင်းသား Tahar Rahim က Tibor အဖြစ် သရုပ်ဆောင်ထားပြီး Izuka Hoyle က Amber အဖြစ် ပါဝင်ထားပါတယ်။ "ကိုယ့်လက်နဲ့ လက်ထိတ်တွဲထားရတဲ့သူက လူသတ်သမား၊ အပြင်မှာလည်း ကိုယ့်ကိုသတ်ဖို့ လိုက်နေတဲ့သူတွေက အများကြီး" ဆိုတဲ့ အခြေအနေမျိုးမှာ Amber တစ်ယောက် ဘယ်လိုတွေ ရုန်းကန်မလဲဆိုတာကို ရိုက်ပြထားတာပါ။ ဒီစီးရီးကို ၂၀၂၆ ဧပြီလကုန်ပိုင်းလောက်မှာ Sky Atlantic ကနေ စတင်ပြသခဲ့တာဖြစ်ပြီး Line of Duty တို့၊ Peaky Blinders တို့လို အကြမ်းစား ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။

အပိုင်း ရွေးပါ