CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The WONDERfools (2026)

Series

အပိုင်းသစ် (1 မှ 8) စ/ဆုံး ရှေ့နေမလေး ဝူယောင်းဝူလို့ လူသိများတဲ့ ပြည့်သူ့အချစ်တော်လေး မင်းသမီး Park Eun Bin နဲ့ ပျိုမေတို့ရဲ့ နှင်းဆီခိုင် Cha Eun Woo တို့အပြင် မင်းသမီးကြီး Kim Hae Sook၊ မင်းသား Choi Dae Hoon၊ Im Sung Jae၊ Son Hyun Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလာပါပြီ ပရိသတ်ကြီးတို့ရေ…. ဇာတ်လမ်းအကျဉ်းအနေနဲ့… ၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။ တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့ ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။ အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေတွေ များပြားပြီး လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့အဖြစ်အပျက်ကြီးရဲ့ လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါ... ဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့ အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ် mystery, fantasy နဲ့ comedy တို့ ပေါင်းစပ်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူပရိသတ်တွေအနေနဲ့ မပျင်းမရိဘဲ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Aired: May 15, 2026 Aired On: Friday Genres: Action, Adventure, Comedy, Fantasy Episodes: 8 Original Network: Netflix

အပိုင်း ရွေးပါ