CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Renegade Immortal (2023)

Series

စာရေးဆရာ"အာကန်း (Er Gen)" ရဲ့ Universe ထဲက ကမ္ဘာကျော် Masterpiece ဖြစ်တဲ့ "Xian Ni (仙逆)" ကို အသက်သွင်းထားတဲ့ ဒီဇာတ်လမ်းဟာ သာမန်ကျင့်ကြံခြင်းဇာတ်လမ်းတွေထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းပြီး ကွဲပြားပါတယ်။ ဝတ္ထုထွက်ရှိစဉ်ကတည်းက Web Novel လောကမှာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး သူ့ရဲ့ထူးခြားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နက်နဲမှုနဲ့ အဓိက ဇာတ်ကောင်ရဲ့ မတူညီတဲ့ ပြောင်းလဲမှုတွေကြောင့် ပရိသတ်သန်းပေါင်းများစွာရဲ့ အသည်းစွဲဖြစ်ခဲ့ရပါတယ် ရိုးရာကျင့်ကြံခြင်းဇာတ်လမ်းတွေလို ပါရမီရှင်တစ်ယောက်ရဲ့ အောင်မြင်မှုခရီးမဟုတ်ဘဲ၊ ပါရမီမပါ၊ ကံမကောင်းတဲ့ လူငယ်လေးတစ်ယောက်က လောကဓံရဲ့ ရက်စက်တဲ့ရိုက်ခတ်မှုတွေကြားမှာ အေးစက်မာကျောတဲ့ ရှင်သန်သူတစ်ယောက်အဖြစ် ပြောင်းလဲလာပုံကို အဓိကထား ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတိုင်းကို စိတ်ခံစားမှုမျိုးစုံ ပေးစွမ်းနိုင်မှာ သေချာပါတယ် "ကောင်းကင်ဘုံက ငါ့ကို ရှင်သန်ခွင့်မပေးရင် ငါကိုယ်တိုင် ကောင်းကင်ဘုံကို အံတုပြီး ငါ့လမ်းကိုဖောက်မယ်။" ဒီဇာတ်လမ်းကတော့ သာမန်လူငယ်လေး ဝမ်လင် ရဲ့ အိပ်မက်နဲ့ စတင်ခဲ့ပါတယ်။ ကျင့်ကြံသူဖြစ်ချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ဟာ ပါရမီမရှိခြင်းဆိုတဲ့ အမှန်တရားရှေ့မှာ အစိတ်စိတ်အမွှာမွှာ ကြေမွခဲ့ရတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုလား၊ ဒါမှမဟုတ် ကျိန်စာတစ်ခုရဲ့ အစလား မသိရတဲ့ ထျန်းနီကျူး (ကောင်းကင်ဘုံကို အံတုသော ပုလဲ) နဲ့ တွေ့ဆုံမှုက သူ့ဘဝကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ် ဒါပေမဲ့ဒီအခွင့်အရေးဟာ သူ့မိသားစုနဲ့ မျိုးနွယ်တစ်ခုလုံးကို အဆုံးတိုင်စေမယ့် ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးကြီးကိုပါ သယ်ဆောင်လာခဲ့တယ် အရာအားလုံးကို ဆုံးရှုံးပြီး သေခြင်းတရားရဲ့တံခါးဝကနေ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ သူ့နှလုံးသားထဲမှာ လက်စားချေလိုစိတ်ကလွဲပြီး ဘာမှမကျန်တော့ပါဘူး။သူဟာ သာမန်ကျင့်ကြံခြင်းလမ်းစဉ်ကို စွန့်လွှတ်ပြီး သေခြင်းနဲ့ ရှင်ခြင်းကြားက နယ်ပယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ "အဆုံးစွန်အသိစိတ် (Extreme Divine Sense)" ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်လာတယ်။ အေးစက်တယ်၊ ဉာဏ်နီဉာဏ်နက်ကြွယ်ဝတယ်၊ ရန်သူကို အနိုင်ယူဖို့ ဘယ်လိုနည်းလမ်းကိုမဆို သုံးစွဲဖို့ဝန်မလေးဘူး။ ဒါကတော့ အသစ်တဖန်ပြန်လည်မွေးဖွားလာတဲ့ ဝမ်လင်ပါပဲ သူ့ရဲ့ လက်စားချေခြင်းခရီးလမ်းဟာ သွေး၊ ချွေး၊ မျက်ရည်တို့နဲ့ ပြည့်နှက်နေပြီး အင်အားကြီးမားတဲ့ ဂိုဏ်းတွေ၊ ရှေးဟောင်းမိစ္ဆာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဝမ်လင်တစ်ယောက် သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ပညာနဲ့ ရက်စက်တဲ့နည်းလမ်းတွေကိုသုံးပြီး သူ့မိသားစုအတွက် သွေးကြွေးကို ဘယ်လိုပြန်ဆပ်မလဲ၊ ကံကြမ္မာရဲ့သတ်မှတ်ချက်ကို ဖီဆန်ပြီး ကျင့်ကြံခြင်းလောကရဲ့ အမြင့်ဆုံးထိပ်တန်းကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ကြပါစို့ Total Episodes : 200 Quality : WEB-DL 4K HEVC , 1080p HEVC Format : mkv/mp4 Genres : Action & Adventure, Animation, Drama, and Sci-Fi & Fantasy Runtime : 25 Subtitle : Myanmar Subtitle ( Hardsub )

အပိုင်း ရွေးပါ