CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The Scarecrow (2026)

Series

အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခါမှာတော့ ကိုရီးယားသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဉ်ကို ကျောရိုးယူထားပြီး အကြမ်းစား Plot Twist တွေ ပါဝင်မယ့် Thriller ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "Taxi Driver" ရဲ့ ဒါရိုက်တာ Park Joon Woo နဲ့ ဇာတ်ညွှန်းဆရာ Lee Ji Hyun တို့ ပြန်လည်လက်တွဲရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ “Prison Playbook”, “Squid Game” တို့နဲ့ လူသိများခဲ့တဲ့ မင်းသား Park Hae Soo, “Karma”, “Mouse” ဇာတ်လမ်းတွဲက မင်းသား Lee Hee Joon အပြင် “VIP”, “Crash” စတဲ့ ဇာတ်လမ်းတွဲတွေက မင်းသမီး Kwak Sun Young တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဆိုးလ်မြို့ကနေ နယ်မြို့လေးကို ရာထူးချခံလိုက်ရတဲ့ စုံထောက် ဂန်ထယ်ဂျူ (Park Hae Soo) ဟာ ရှုပ်ထွေးလှတဲ့ လောကထဲကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်နေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ထောင်ထဲက ကွင်းဆက်လူသတ်သမားတစ်ဦးက ထယ်ဂျူကို အမှုစစ်ဆေးပေးဖို့ တောင်းဆိုလာပါတယ်။ ထယ်ဂျူဟာ လွန်ခဲ့တဲ့ ၃၃ နှစ်က သူစွန့်ခွာခဲ့တဲ့ အမှုဟောင်းတွေကြားထဲ ပြန်ရောက်သွားပြီး အတိတ်က ရန်ကြွေးရှိခဲ့ဖူးတဲ့ အမှုစစ် ချာရှီယောင်း (Lee Hee Joon) နဲ့ အတူတူ ပူးပေါင်းပြီးတော့ အမှန်တရားကို ရှာဖွေဖို့ ဖြစ်လာခဲ့ပါတယ် .. ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ Cold Case တွေရဲ့ ထုံးစံအတိုင်း အမှန်တရားဟာ ထင်သလောက် မရိုးရှင်းပါဘူး။ "Scarecrow" (စာခြောက်ရုပ်) လူသတ်မှုတွေရဲ့ နောက်ကွယ်မှာ ထယ်ဂျူကိုယ်တိုင်တောင် မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတဲ့အခါ... သူက ဒီလူသတ်မှုကြီးကို အဆုံးသတ်နိုင်မယ့်သူ ဖြစ်လာမလား .. ဒါမှမဟုတ် ပေါ်ထွက်လာမယ့် လှည့်ကွက်အသစ်တွေကြားမှာပဲ သူ့ဘဝတစ်ခုလုံး ပျက်စီးသွားမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ မျက်တောင်မခတ်တမ်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ Episodes: 12 Aired: Apr 20, 2026 - May 26, 2026 Aired On: Monday, Tuesday Original Network: ENA, Genie TV Genres: Thriller, Mystery, Crime, Life

အပိုင်း ရွေးပါ