Series
ဂန္ထဝင်ဆရာကြီးများ ဇာတ်လမ်းတွဲဟာ စာရေးဆရာ Jang Won-seob ရေးသားပြီး
ဒါရိုက်တာ Han Dong-hwa ရိုက်ကူးထားကာ သရုပ်ဆောင်များအနေနဲ့ Shin Ha-kyun၊ Oh Jung-se နှင့်
Heo Sung-tae တို့ ပါဝင်ရိုက်ကူးထားတဲ့ တောင်ကိုရီးယား အက်ရှင်ဟာသ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
ဘဝရဲ့ ပထမပိုင်း ၅၀% က ဘယ်လိုပဲဖြစ်ခဲ့ပါစေ... ကျန်တဲ့ ၅၀% ကို အကောင်းဆုံးဖြည့်ဖို့ ဘယ်တော့မှ နောက်မကျပါဘူး။
အပြင်ပန်းကြည့်ရင် ဘဝကို အရှုံးပေးထားပုံရတဲ့ အသက် ၅၀ ကျော် သက်လတ်ပိုင်း အမျိုးသား သုံးယောက်...
လက်ရှိမှာတော့ သူတို့ဟာ သာမန်ရုံးဝန်ထမ်း၊ လုံခြုံရေးနဲ့ ဆိုင်ရှင်အဖြစ်နဲ့ပဲ နေ့စဉ်ဘဝကို ရုန်းကန်နေကြရသူတွေ ဖြစ်နေပါတယ်။
ဒါပေမဲ့ သူတို့တွေဟာ တစ်ချိန်တုန်းက သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ သမိုင်းတွင်ခဲ့တဲ့ "ဂန္ထဝင် Pro ကြီးတွေ" ဖြစ်ခဲ့ကြပါတယ်။
ကိုယ့်ရဲ့ ရွှေခေတ်တွေ ကုန်ဆုံးသွားပါပြီလို့ တွေးပြီး ငြိမ်သက်နေခဲ့ကြတဲ့ သူတို့ရဲ့ဘဝထဲကို မမျှော်လင့်ဘဲ
အရေးပေါ် စစ်ဆင်ရေးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတဲ့အခါမှာတော့...
သူတို့ ကျွမ်းကျင်ရာ နယ်ပယ် ထဲကို တစ်ကျော့ပြန် ဝင်လာခဲ့ရပါတယ်။
အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်ကြောင်းနဲ့ ဘဝရဲ့ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းတွေကို
ကိုယ်တိုင် စိတ်ကြိုက် ပုံဖော်ထွင်းထု ပြသသွားမယ့် ဝါရင့် Pro ကြီး သုံးယောက်ရဲ့ Action Comedy ဇာတ်လမ်းလေးကို
အပတ်စဉ် သောကြာ/စနေနေ့တိုင်း ပေါ့ပါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးနော်။