သံသယတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး "စိတ္တဇသမားတွေအကြောင်းကို သက်သေပြနိုင်ခဲ့ရင် ဘာတွေဖြစ်လာမလဲ" ဆိုတဲ့ မေးခွန်းနဲ့အတူ စတင်ထားတာပါ။ တစ်နိုင်ငံလုံးကို အကြောက်တရားတွေ စိုးမိုးစေခဲ့တဲ့ ရူးသွပ်ခြောက်ခြားဖွယ်ရာ ကွင်းဆက်လူသတ်မှုတွေက ဖြစ်ပွားနေခဲ့ပါတယ်။ အမှန်တရားကို ရှာဖွေချင်တဲ့ ရဲအရာရှိလေး Jung Ba Reum တစ်ယောက် လူသတ်သမားနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရမယ့် အခြေအနေတွေ ဖန်တီးလာခဲ့ပါတယ်။ စိတ္တဇသမားနဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့ရဲ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတာကို ကြုံတွေ့လိုက်ရပါတော့တယ်။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ မှုခင်းဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကြောင့် ဘယ်လိုခြောက်ခြားဖွယ်ရာတွေ ဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါဦး။