Series
နာမည်ကြီး စပိန်ပြဇာတ်ကို အခြေခံရိုက်ကူးထားပြီး Exhuma ထဲက မင်းသားကြီး Choi Min-Sik နဲ့
Weak Hero Class ထဲက မင်းသား Choi Hyun-Wook တို့ရဲ့ သရုပ်ဆောင်အားပြိုင်ပုံတွေကို
အားရဖွယ်ကြည့်ရှုရမဲ့ Neflix စီးရီးသစ်လေး ထွက်ရှိလာပါပြီ။
- ဇာတ်လမ်းအကျဉ်း -
စာရေးဆရာတစ်ယောက်အနေနဲ့ အောင်မြင်မှုမရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ သိမ်ငယ်စိတ်တွေနဲ့
ထွေးပိုက်ရှင်သန်နေရတဲ့ ကိုးရီးယားစာပေပါမောက္ခ ဟောမွန်းအို (Choi Min-Sik)...
ကျောင်းသားတွေရဲ့ အဆင့်မမီတဲ့ စာမူတွေက သူ့အတွက် ဝေဖန်ဖို့တောင် တန်ဖိုးမရှိဘူးလို့
ခံစားနေရချိန်မှာပဲ စာသင်ချိန်တိုင်း နောက်ဆုံးတန်းမှာ ထိုင်လေ့ရှိတဲ့ အင်ဂျင်နီယာကျောင်းသားလေး
အီဂန်း (Choi Hyun-Wook) ရဲ့ ဝတ္ထုက သူ့ကို အံ့အားသင့်သွားစေခဲ့ပါတယ်။
ဆွဲဆောင်မှုရှိပြီး ခန့်မှန်းရခက်တဲ့ အီဂန်းရဲ့ စာအရေးအသားတွေအပေါ်
ပါမောက္ခ ဟောမွန်းအိုတစ်ယောက် ရူးသွပ်မတတ် စွဲလမ်းမိသွားတဲ့အခါမှာတော့...
တကယ်ပဲ အီဂန်းရေးသားတဲ့ ဝတ္ထုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ...
ဆရာဖြစ်သူရဲ့ လွန်ကျူးတဲ့ စွဲလမ်းမှုက တပည့်ကို ဘယ်လိုနွံထဲ ဆွဲချသွားမလဲဆိုတာကိုတော့
အခုပဲ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးရှင်။
Aired: Jun 26, 2026
Aired On: Friday
Genres: Thriller, Mystery, Psychological, Drama
Episodes: 6
Original Network: Netflix