CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Love Has Fireworks (2026)

Series

ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုရဲ့ဝန်ထမ်းဖြစ်သူ ချန်ဖေးဟာ မူလကတော့ အနာဂတ်ဘဝအတွက် အစီအစဉ်တွေဆွဲပြီး ပျော်ရွှင်မှုတွေထဲမှာ နစ်မျောနေခဲ့တာပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ စေ့စပ်ထားသူ ဝမ်ရော့ဟိုင်က သူနဲ့အတူ ရှေ့ဆက်မလျှောက်လှမ်းတော့ဖို့ ရွေးချယ်ခဲ့တာမို့ အချစ်ခရီးလမ်းဟာ ပျက်ခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ချန်ဖေးဟာ ဘဝနဲ့အလုပ်အကိုင်ကို အသစ်ကနေ ပြန်လည်စီစဉ်ရမဲ့လမ်းကြောင်းပေါ် ရောက်ရှိသွားခဲ့ရပါတော့တယ်။ တစ်ဖက်မှာတော့ လူချမ်းသာဒုတိယမျိုးဆက်ဖြစ်တဲ့ လီယိဖေးဟာ အလုပ်အကိုင်အောင်မြင်မှုကိုပဲ အဓိကထားချင်ပြီး အချစ်ဆိုတာကို ဘဝရဲ့အပိုဆောင်းအလှဆင်မှုတစ်ခုလို့ပဲ သတ်မှတ်ထားသူပါ။ ဒါပေမဲ့ သူ့ရည်းစားဖြစ်သူ ကွေ့လီလီကတော့ ပိုက်ဆံမရှိတဲ့ဘဝမျိုးကို မဖြတ်သန်းနိုင်တာကြောင့် သူ့ကို ထားခဲ့ပါတော့တယ်။ ကံကြမ္မာရဲ့နောက်ပြောင်မှုကြောင့် ဘဝအမြင်နဲ့ အချစ်အမြင်လုံးဝမတူညီကြတဲ့ ချန်ဖေးနဲ့လီယိဖေးတို့နှစ်ဦးဟာ လမ်းဆုံတစ်ခုမှာ ဆုံတွေ့ခဲ့ကြပါတယ်။ အိမ်ချေးငွေပြန်ဆပ်ဖို့ ရုန်းကန်နေရတဲ့ ချန်ဖေးဟာ အိမ်ကအခန်းတစ်ခန်းကို သူဌေးသား လီယိဖေးဆီငှားခဲ့ရာကနေ သူတို့နှစ်ယောက်ရဲ့ Shared life ဘဝလေး စတင်ခဲ့ပါတော့တယ်။ မိမိနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ လီယိဖေးနဲ့ပြောဆိုဆက်ဆံရချိန်မှာတော့ ချန်ဖေးဟာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့အတူ အလျှော့မပေးတဲ့စိတ်ဓာတ်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ရင်း ဘဝမှာ ရင့်ကျက်အောင်မြင်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းက Enemies to Lovers နဲ့ တစ်အိမ်တည်းအတူနေ အချစ်ဇာတ်လမ်းအမျိုးအစားဖြစ်လို့ တော်တော်လေးစိတ်အပန်းပြေစေမဲ့ Modern Urban Drama လေးမို့ must watch ပါနော်။ Total Episodes : 36 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်း ရွေးပါ