Series
စ-ဆုံး
ဒီဇာတ်လမ်းတွဲဟာ ၁၉၇၈ ခုနှစ်က ဒေလီမြို့မှာ အမှန်တကယ် ဖြစ်ပွားခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မောင်နှမနှစ်ယောက် ရက်စက်စွာ အသတ်ခံခဲ့ရတဲ့ Ranga-Billa Case ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မိုးရွာနေတဲ့ ညနေစောင်းတစ်ခုမှာ အသက် ၁၆ နှစ်အရွယ် မောင်နှမနှစ်ဦးဖြစ်တဲ့ ဆူမန်နဲ့ ဆာဟေးလ်တို့ဟာ ရေဒီယိုအစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ ကားကြုံစီးရာကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ကြတယ်။ ကလေးနှစ်ယောက်ရဲ့ ဖခင်ဟာ စစ်တပ်အရာရှိတစ်ဦးဖြစ်ပြီး မိခင်ကတော့ ကျောင်းဆရာမတစ်ဦးပါ။ ကလေးနှစ်ယောက် ပျောက်ဆုံးသွားမှုကြောင့် မိသားစုဝင်တွေ ဝမ်းနည်းကြေကွဲရသလို တစ်မြို့လုံးလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။
ဒီအမှုကို တာဝန်ယူစုံစမ်းရသူကတော့ အတွေ့အကြုံ နုနယ်သေးပေမဲ့ ကြိုးစားအားထုတ်မှုရှိတဲ့ ရဲအရာရှိ ဂျေပရာကက်ရှ်ပဲ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရင်းနဲ့ သာမန်ပြန်ပေးဆွဲမှုကနေ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုတစ်ခုဖြစ်ကြောင်း သိရှိသွားခဲ့ပြီး ဂျေပရာကက်ရှ်တစ်ယောက် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသည်းအသန် လိုက်လံစုံစမ်းရတော့မှာ ဖြစ်ပါတယ်။