CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Lioness (2023)

Series

အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Yellowstone နဲ့ Wind River တို့လို ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Taylor Sheridan က ရိုက်ကူးထားပြီး မင်းသမီး Zoe Saldana နဲ့အတူ နီကိုးကစ်မန်း၊ မောဂန်ဖရီးမန်းတို့လို ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နဲ့ အီရတ်ရှေ့တန်းတွေမှာ ဖမ်းမိတဲ့ အမျိုးသမီးတွေကို စစ်ဆေးဖို့အတွက် ခြင်္သေ့မအထူးတပ်ဖွဲ့ဆိုပြီး ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီအဖွဲ့ဝင် အမျိုးသမီးတွေဟာ အရေးကြီးပစ်မှတ်တွေရဲ့ ဇနီး၊ ရည်းစားနဲ့ မိသားစုဝင်တွေဆီမှာ အသွင်ယူပြီး ရင်းနှီးအောင် လုပ်ဆောင်ကြရပါတယ်။ အဲဒီကနေတစ်ဆင့် ပစ်မှတ်တွေရဲ့ သတင်းကို စုဆောင်းပြီး အထူးတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ လုပ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။ စပိုင်ဆန်ဆန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုမှ စစ်ဆင်ရေး တိုက်ပွဲတွေနဲ့ ပေါင်းစပ်တင်ဆက်ထားတာကြောင့် ကြည့်ရှုရတာ တန်ဖိုးရှိမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

အပိုင်း ရွေးပါ