CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

I Will Find You (2026)

Series

I Will Find You (2026) Complete နက်ဖလစ်ကနေ တစ်ထိုင်တည်း မထတမ်းကြည့်ချင်သွားစေမဲ့ စုံထောက်အက်ရှင် စီးရီးတစ်ခု ထွက်လာပါပြီ။ ဒီစီးရီးကို နာမည်ကြီး စာရေးဆရာ Harlan Coben ရဲ့ ဝတ္ထုကို အခြေခံပြီး Robert Hull က Showrunner အဖြစ် ဖန်တီးထားတာပါ။ သရုပ်ဆောင်တွေကတော့ တကယ့် အမိုက်စားတွေချည်းပဲ။ အဓိက မင်းသားနေရာမှာ Avatar မင်းသားကြီး Sam Worthington က သရုပ်ဆောင်ထားတယ်။ ပြီးတော့ Britt Lower (Severance စီးရီးထဲက), Milo Ventimiglia, ကလေးအထူးကု ဆရာဝန်မလေး အဖြစ် Erin Richards နဲ့ Jonathan Tucker တို့လို တောင့်တောင့်တင်းတင်း သရုပ်ဆောင်တွေ ပါဝင်ထားတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ David (Sam Worthington) ဆိုတဲ့ အဖေတစ်ယောက်ဟာ သူ့သားအရင်းလေးကို သတ်တဲ့ လူသတ်ကောင်အဖြစ် မတရား စွပ်စွဲခံရပြီး ထောင်တစ်သက် ကျနေတာကနေ စထားတယ်။ သူလည်း ဘဝကို အရှုံးပေးထားသလို ဖြစ်နေတဲ့အချိန်မှာ သူ့ခယ်မဟောင်း Rachel က ထောင်ထဲ လာလည်ရင်း ဓာတ်ပုံတစ်ပုံ ပြတယ်။ အဲဒီ ဓာတ်ပုံရဲ့ နောက်ခံမှာ သူသေပြီလို့ ထင်ထားတဲ့ သူ့သားလေးနဲ့ ရုပ်ချင်းဆင်တဲ့ ကလေးတစ်ယောက်ကို အမှတ်မထင် သွားတွေ့လိုက်ရတယ်။ အဲဒီတော့မှ သူ့သား တကယ်ပဲ အသက်ရှင်နေသေးလား၊ တကယ်ရော ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကို သိရဖို့အတွက် ထောင်ဖောက်ပြေးပြီး အမှန်တရားကို အသေအလဲ လိုက်ရှာပါတော့တယ်။ Sam Worthington တို့လို သရုပ်ဆောင်တွေ ပါတော့ အိုက်တင်ပိုင်းကတော့ ပြောစရာမလိုအောင် မိုက်တယ်။ Harlan Coben ရဲ့ ဇာတ်လမ်းတွေ ထုံးစံအတိုင်း လျှို့ဝှက်ချက်တွေ၊ အလိမ်အညာတွေနဲ့ အစကနေ အဆုံးထိ ခန့်မှန်းရခက်အောင် ဆွဲခေါ်သွားဦးမှာ သေချာတယ်။ အမှောင်မိုက်ဆုံး အခြေအနေကနေ စထားပေမဲ့ သားဖြစ်သူကို ကယ်တင်ချင်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ မျှော်လင့်ချက် နဲ့ ရဲတွေဆီကနေ ရှောင်ပုန်းရင်း သဲလွန်စရှာရတဲ့ အက်ရှင်ခန်းတွေကို သေသေချာချာ ရောစပ်ပြီး ရိုက်ပြထားတယ်။ အပိုင်း ၈ ပိုင်းပဲ ပါတဲ့ စီးရီးဆိုတော့ အပျင်းပြေ ဆက်တိုက် Binge-watch လုပ်ပစ်ဖို့ တော်တော်လေး အဆင်ပြေတဲ့ စီးရီးပါပဲ။

အပိုင်း ရွေးပါ