CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Revenge of Others (2022)

Series

Revenge of Others (2022) ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပုံမှန်ကျောင်းသားလူငယ်ကားတွေလို အချိုအိုင်နေတဲ့ ပုံစံမျိုးမဟုတ်ဘဲ သည်းထိပ်ရင်ဖို Thriller ဆန်ဆန် တင်ဆက်ထားတာပါ။ ဒီကားထဲမှာ မင်းသမီး Shin Ye Eun က အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ အသက် (၁၉) နှစ်အရွယ် ကျောင်းသူလေး Ok Chan Mi အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသား Lomon ကတော့ ဖျားနာနေတဲ့ မိခင်ကို တစ်ကိုယ်တည်း စောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heon အဖြစ် ပါဝင်ထားတာပါ။ Ok Chan Mi တစ်ယောက် သံသယဖြစ်ဖွယ်ကောင်းတဲ့ သူမရဲ့ အမွှာအစ်ကို သေဆုံးမှုနောက်ကွယ်က အမှန်တရားနဲ့ တရားခံကို ရှာဖွေဖို့ ကြိုးစားနေချိန်မှာ Ji Soo Heon ကလည်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသားတွေအတွက် ကိုယ်စား ကလဲ့စားချေပေးနေခဲ့ပါတယ်။ ရည်ရွယ်ချက်ချင်း တူညီနေကြတဲ့ သူတို့နှစ်ယောက် ဆုံတွေ့ကြပြီး အမှန်တရားကို ဘယ်လိုများ ဖော်ထုတ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ကျောင်းသားလူငယ် ဇာတ်လမ်းအမျိုးအစားကိုမှ သည်းထိပ်ရင်ဖို Thriller ပုံစံမျိုး ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးပါပဲ။

အပိုင်း ရွေးပါ