2018 ခုနှစ်တုန်းက တစ်ခန်းရပ်သွားခဲ့တဲ့ The Player squad ကြီးဟာဆိုရင် 6 နှစ်ကြာပြီး 2024 ခုနှစ်မှာ Season 2 အနေနဲ့ အားလုံးရဲ့မျှော်လင့်မှုကို ပြန်ရောက်ရှိလာပြီးဖြစ်ပါတယ်။ Season 1 တုန်းက အားလုံးရဲ့အချစ်တော်မင်းသားချော Song Seung Heon နဲ့ f(x) အဖွဲ့ဝင်ဟောင်း Krystal Jung တို့က အရင်ပါဝင်ခဲ့ပြီး လူကြိုက်များအောင်မြင်ခဲ့သလို ဒီနေ့ထွက်ရှိလာတဲ့ Season 2 မှာတော့ Song Seung Heon နဲ့အတူ မမ Oh Yeon Seo နဲ့ အလှလေး Jang Gyi Ri တို့က ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။ Main Cast တွေကလည်းရွပ်မိုက်ပြီး Lee Si Un, Tae Won Seok, Ha Do Kwon, Kim Won Hae တို့လို တရုတ်သရုပ်ဆောင်တွေကလည်း မြင်မြင်ဆိုင်ဆိုင်ပါဝင်အားဖြည့်ပေးသွားမှာဖြစ်လို့ ဒီ season မှာရော လူလိမ်, ဟက်ကာ, ဖိုက်တာ နဲ့ ဒဂိုဏ်ဘာ တွေစုပေါင်းထားတဲ့ The Player အဖွဲ့ကြီးဟာ မသမာတဲ့နည်းနဲ့ မတော်မတရားကုမ်သွေးစုအမြတ်ကြီး ထုတ်ပြီး ကြွားပီးနေတဲ့ လူချမ်းသာတွေကို ဘယ်လိုတွေ ရှယ်ဗျင်းဦးမလဲဆိုတာကို အမိုက်စားရှာဖွေရမှာပဲဖြစ်ပါတယ်။